စာသင်ခန်းထဲမှာ သတိပြုစရာ

မမမေ

ဒီတစ်ပတ်တော့ စာသင်နေကြတဲ့ကလေးတွေ အားလုံးနဲ့အဆင်ပြေစေမယ့် လောကဝတ်တွေထဲက သတိပြုစရာအချို့ ကလေးတို့ကို ပြောပြချင်ပါ တယ်။ ကျောင်းမသွားခင်ကနေ ကျောင်းကိုရောက်သွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်အားလုံးနဲ့အဆင်ပြေအောင် နေထိုင်နိုင်မယ့် နည်းလမ်းလေးလည်းဖြစ်တာမို့ ဆက်ပြီးဖတ်ရှုစေချင်ပါတယ်။

 

1600

 

အချိန်မှန်ထပါ

မေမေက မနက်တိုင်းနှိုးမှ နိုးလာတယ်ဆိုရင် ကလေး တို့ဟာ ကိုယ်ကျောင်းသွားရမှာကို ဂရုမစိုက်တတ်တဲ့ ကလေးလေးလို့ သူများတွေက ထင်ကြမှာပေါ့။ မမတို့ ငယ်ငယ်ကလည်း အဲဒီလိုပဲ။ ကျောင်းသွားဖို့နှိုးတာတောင် မနည်းနှိုးရပေမယ့် ကစားကွင်းသွားစရာရှိတဲ့ ကျောင်းပိတ် ရက်တွေဆိုရင် အစောကြီးကတည်းက နိုးနေပြီလေ။ ဒါဟာ သိပ်တော့ မကောင်းဘူး ကလေးတို့ရေ။ ကျောင်းကို နေ့စဉ်တက်ကြရတဲ့ကလေးတို့ဟာ ဘယ်သူကမှ ကျောင်းသွားဖို့မပြောရဘဲ ကိုယ်တိုင်က နိုးနိုးကြားကြား ရှိသင့်ပါတယ်။ ဒါမှလည်း ကျောင်းတက်ရတာ ပိုပျော်စရာ ကောင်းလာသလို မနက်စောစောထဖို့ စောစောအိပ်ရာ ဝင်တတ်တဲ့ အကျင့်ကောင်းလေးလည်း ရလာမှာပေါ့။ ဒါ့အပြင် မေမေတို့ကလည်း ကလေးတို့ကို နှိုးရတဲ့အလုပ်က သက်သာသွားမှာပေါ့။

သပ်သပ်ရပ်ရပ်ဝတ်

ကျောင်းကို ရှုပ်ရှုပ်ပေပေ၊ ညစ်ညစ်ပတ်ပတ်နဲ့ သွားဖူး ကြလား ကလေးတို့ရေ။ ဆိုးတဲ့ကလေးလေးတွေဟာ မေမေ တို့ သပ်သပ်ရပ်ရပ် လုပ်ပေး တာကို လက်မခံချင်ကြဘူး။ ညစ်ပတ်အောင်၊ ခေါင်းတွေ ပွရှုပ်နေအောင် လုပ်ပစ်တတ် ကြသတဲ့။ အင်္ကျီတွေ ပေကျံ မှာကိုလည်း မကြောက်ကြ သလို ကျောပိုးအိတ်တွေ ကိုလည်း လွှင့်ပစ်တတ်ကြ သတဲ့။ သူ့တို့ကို မြင်ရသူ တိုင်းက ဆိုးတဲ့ကလေးတွေ မှန်းသိကြပြီး သိပ်မချစ်ကြ တော့ဘူးပေါ့ကွယ်။ လိမ္မာပြီး သပ်သပ်ရပ်ရပ် နေတတ် သူတွေကတော့ ဟောင်းတဲ့ အင်္ကျီလေးတွေ ဝတ်ထားရင် တောင် သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းနေတော့ ချစ်ခင် မှုကို ပိုရတာပေါ့ကွယ်။ မြင်ရတဲ့သူအပေါင်းကလည်း စိတ်အေးချမ်းမှုရလို့ လောကကြီးကိုလည်း အလှဆင် ပြီးသားဖြစ်တာပေါ့။

သူများအကျင့်၊ကိုယ့်အကျင့်

ကျောင်းမှာ ဆရာမတွေစကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်တတ်တဲ့ ကလေးတွေရှိသလို၊ ဆရာမတွေ ပြောတဲ့အတိုင်း အေးအေးချမ်းချမ်းနေတတ်တဲ့ ကလေးတွေ ရှိတယ်။ သိပ်ကိုဆော့တဲ့ကလေးတွေရှိသလို ကိုယ်လက် မလှုပ်ရှားတတ်တဲ့ ကလေးတွေရှိတယ်။ ကျန်းမာရေး သိပ်မကောင်းတဲ့ ကလေးတွေလည်း ရှိတာပေါ့ကွယ်။ ကလေးတို့လည်း ကိုယ့်ကိုယ်ကို ပြန်မေးနော်။ “ငါက ဘယ်လိုကလေးလေးလဲ”ဆိုတာကိုပေါ့။ ပြီးရင် ကိုယ့် သူငယ်ချင်းတွေမှာလည်း ဘယ်သူတွေက ဘယ်လို ကလေးတွေလဲဆိုတာကို စဉ်းစားကြည့်စေချင်တယ်။ လူတိုင်းမှာအကျင့်တွေရှိတယ်။ ကောင်းတဲ့အကျင့် လေးတွေရှိတဲ့ သူငယ်ချင်းဆီက ကောင်းတဲ့အကျင့်လေး တွေကို ယူပြီးသုံးရမှာဖြစ်သလို နည်းနည်းဆိုးတဲ့သူငယ်ချင်း တွေရဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း သိရှိပြီး ရှောင်ရှား ရမယ်၊ ကလေးတို့ကိုယ်မှာ ကပ်မလာအောင် သတိထား ရမယ်နော်။

ဝါသနာကိုသိအောင်ကြိုးစား

ကလေးအများစုက သူတို့ဝါသနာအပါဆုံးက ဘာလဲ ဆိုတာကို မသိကြဘူးတဲ့။ အဲဒီလိုကလေးက သူများကို လည်း နားမလည်တတ်တဲ့အတွက် ယဉ်ကျေးပျူငှာသင့်တဲ့ လောကဝတ်တွေကိုလည်း မသိနိုင်ကြပါဘူး။ ကိုယ် ကျွမ်းကျင်တာက ဘာလဲဆိုတာကို မသိကြလို့ သူတို့ ကျွမ်းကျင်နေတယ်ဆိုတာ မေမေတွေတောင် မသိကြ တာမျိုးဖြစ်တတ်တာပေါ့ကွယ်။ ဒါကြောင့်ကလေးတို့က ကိုယ်ဘာကို ဝါသနာပါတာလဲ။ ဥပမာ ဆရာဝန်ကြီးဖြစ်ချင် တာလား၊ အင်ဂျင်နီယာကြီး ဖြစ်ချင်တာလား၊ အဆိုတော် ဖြစ်ချင်တာလား စသည်ဖြင့် ကလေးတို့က ကိုယ့်ဝါသနာကို ဖော်ထုတ်ဖို့လိုတာပေါ့နော်။ ။