စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၃) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မတ် ၁၇

စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၂၀၃) သင်တန်းဆင်းပွဲကို မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းသား စံပြဆု၊ သင်တန်းသူ စံပြဆု၊ သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆုနှင့် စစ်ရေးပြ ထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းအောင်မြင်ကြသူများကို သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းကာ သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

သင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၆၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၀ ပတ် ကြာမြင့်ခဲ့သည်။

သတင်းစဉ်