စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်းအမှတ်စဉ်(၈၇)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၉)သင်တန်းဖွင့်

mdn

နေပြည်တော် ဇန်နဝါရီ ၃၁

စာရေး ဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်းအမှတ်စဉ်(၈၇)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၉၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌  ကျင်းပသည်။

ဖွင့်ပွဲတွင် ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်က Online မှ သင်တန်းဖွင့် အမှာစကားပြောကြားသည်။ 
ဖွင့်ပွဲသို့ ဒုတိယ ပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက် ကြသည်။ အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာန၊အဖွဲ့အစည်းများမှ သင်တန်းသား/သူ များသည် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ရက်သတ္တ(၄)ပတ်ကို ၎င်းတို့ နေထိုင်ရာ ဒေသများမှ Online ဖြင့် သင်ကြားရ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍  ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင်  သင်တန်း ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။ 
    
သင်တန်းဖွင့်ပွဲသို့  စာရေးဝန်ထမ်းကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၈၇)နှင့် စာရေး ဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၁၉၉)သို့ တက်ရောက်ကြမည့် ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ရုံးအုပ်အဆင့်ရှိ သင်တန်းသား (၄၇)ဦး၊ သင်တန်းသူ (၁၁၄)ဦး၊ စုစုပေါင်း (၁၆၁)ဦးနှင့် စာရေးအဆင့်ရှိ  သင်တန်းသား (၁၃၄)ဦး၊ သင်တန်းသူ (၂၂၁)ဦး၊ စုစုပေါင်း (၃၅၅)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၀) ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)