ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ ၃၂၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရ

ဗန်းမော်၊    ၁၂    ဖေဖော်ဝါရီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၃၂၈ ဦးတို့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီက လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။ 

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် (၅၈/၂၀၂၁)နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၅၉/၂၀၂၁)အရ လွတ်မြောက်မည့် အကျဉ်းသား ၂၆၇ ဦးနှင့် အကျဉ်းသူ ၆၁ ဦး စုစုပေါင်း ၃၂၈ ဦးတို့အား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခေတ္တဥက္ကဋ္ဌ ဦးတင့်နိုင်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးမြင့်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းဦးနှင့် ဗန်းမော်အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)