ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး သန်း ၉၀ ရရှိရန် သဘောတူချက်ရထားကြောင်း

၂၀ ဇူလိုင်

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်ဆေး ထိုးဆေး အလုံးပေါင်း သန်း ၉၀ အထိ ရှိပြီးကြောင်း၊ အဲဒီဆေးတွေဟာ BioNTech၊ Pfizer နဲ့ Valneva ဆေးဝါးကုမ္ပဏီတွေမှ ဖြစ်ကြောင်း အစိုးရက ဒီနေ့ (တနင်္လာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

ဗြိတိန်ရဲ့ စီးပွားရေးဝန်ကြီးက နိုင်ငံတွင်းနဲ့ ကမ္ဘာတစ်ဝန်းက ဆေးကုမ္ပဏီတွေ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို ဗြိတိန်ကျန်းမာရေးဌာနက အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

 

ဗြိတိန်လူထုအား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကနေ ကာကွယ်ရန် ဆေးရရှိရေးနဲ့ အစွမ်းထက်တဲ့ ကာကွယ်ဆေးအမြန်ရရှိရေးကို လုပ်နေကြောင်း၊ ကာကွယ်ဆေးဟာ လူတွေရဲ့ရှင်သန်မှုကို အခွင့်အရေးပေးနေတာဖြစ်ကြောင်း စီးပွားရေးဝန်ကြီးက ပြောပါတယ်။ 

 

ကာကွယ်ဆေး သန်း ၉၀ ဟာ BioTech နဲ့ ဂျာမနီဆေးကုမ္ပဏီ Pfizer တို့မှ သန်း ၃၀ နဲ့ ပြင်သစ် ဆေးကုမ္ပဏီ Valneva မှ သန်း ၆၀ ကို ရရှိရန် ဆောင်ရွက်ထားကြောင်း သိရပါတယ်။ 

 

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၀၀ ကိုလည်း ဝယ်ယူမယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားချိန်မှာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဝါးဆုံးခံစားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရာ သေဆုံးသူ ၄၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးက အကျိုးသက်ရောက်တဲ့ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို အနိုင်ရရှိခြင်းဖြစ်ပြီး လူတွေဟာ ပုံမှန်နေထိုင်မှုကိုရရှိဖို့ အခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။

MDN

ကိုးကား - AFP