ဗြိတိန်ဆုပေးပွဲ ဆန်ခါတင်စာရင်းကို ဦးဆောင်နေတဲ့ အက်ဒ်ရှီရန်နဲ့ အဒဲလ်

ဒီဇင်ဘာ  ၂၆

ကျော်ကြားတဲ့ ဗြိတိန်တေးသံရှင်တွေဖြစ်ကြတဲ့ အက်ဒ်ရှီရန်နဲ့ အဒဲလ်တို့ဟာ ၂၀၂ ခုနှစ်အတွက် ဗြိတိန်ဆုပေးပွဲမှာ ဆုအရေအတွက် အများဆုံးလျာထားခံရပြီး ဆန်ခါတင်စာရင်းကို ဦးဆောင်နေကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းမှာ အက်ဒ်ရှီရန်နဲ့ အဒဲလ်တို့ဟာ ဆုလေးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရကာ ဆုအရေအတွက် အများဆုံးနဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ ရက်ပ်တေးသံရှင်တွေဖြစ်ကြတဲ့ ဒေ့ဗ်နဲ့ လစ်တဲစမစ်သ်တို့ဟာလည်း ဆန်ခါတင်စာရင်းမှာ ဆုလေးဆုအတွက် လျာထားခံထားရပါတယ်။

အဆိုပါဆုပေးပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် လန်ဒန်မှာပြုလုပ်ဖို့ရာ စီစဉ်ထားကြောင်း သိရပါတယ်။

အေးပြည့်