ဟနွိုင်း      နိုဝင်ဘာ     ၆

ဗီယက်နမ်နိုင်ငံသို့  ယခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံတကာခရီးသွား ၁၄ ဒသမ ၁ သန်း လာရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဗဟိုစာရင်း အင်းရုံးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

အဆိုပါကာလအတွင်း   ဗီယက်နမ်နိုင်ငံသို့    လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသွား ၁၂ သန်းခန့်ရှိခဲ့ပြီး နိုင်ငံအတွင်း စုစုပေါင်းလာရောက်သူ ခရီးသွားများ၏ ၈၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ နိုင်ငံ တကာခရီးသွားများအနက် အာရှဒေသမှလာရောက်သူ ၁၁ ဒသမ ၂ သန်းကျော်ရှိကြောင်း သိရသည်။  ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးသွားအရေအတွက် များပြားလာရခြင်းမှာ ပြည်ဝင်ခွင့်ဗီဇာများ ဖြေလျှော့မှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။  ယခုနှစ်တွင် နိုင်ငံအတွင်း နိုင်ငံတကာခရီးသွား ၁၈ သန်း လာရောက်ရေး ရည်မှန်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ