ဗီယက်နမ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုမြင့်တက်

မတ် ၂၁

ဗီယက်နမ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုမြင့်တက်လာပြီးနောက် ထိုကူးစက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့်တတ်လာကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။

ယခုနှစ်ပထမနှစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုအရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ကူးစက်မှုနှစ်ဆကျော်ပိုမိုများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းပြည်နယ်များတွင် ထိုရောဂါကူးစက်မှုစံချိန်တင်အများဆုံးဖြစ်သည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံအတွင်း ခြင်မှကူးစက်သောရောဂါဖြစ်ပွားသူ ၃၆၁၈၁၃ ဦးရှိပြီး ယင်းရောဂါကူးစက်မှုဖြင့် ၁၃၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဒေသတွင်းအာဏာပိုင်များ၊ သက်ဆိုင်ရာအေဂျင်စီများနှင့် ကျန်းမာရေး စောင့်ရှောက်မှုဌာနများအနေဖြင့် သွေးလွန်တုပ်ကွေးကူးစက်မှုဖြစ်ပွားနိုင်ခြေရှိသည်များကို ကြိုတင် ကာကွယ်ရေး စီမံချက်များလုပ်ဆောင်ပြီး ထိုခြေအနေကိုအနီးကပ်စောင့်ကြည့်ရန် သတိပေးပြောကြားထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါနှင့်ဆင်တူပြီး အတွင်းပိုင်းသွေးယိုစီးမှုလည်းဖြစ်နိုင်သည်။ ထိုရောဂါကူးစက်မှုတွင် တိကျသောကုသမှုနှင့်ရောဂါကာကွယ်ဆေး မရရှိနိုင်သေးကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးမညီညွတ်သောအခြေအနေများ၊ ပိုမိုပူနွေးသောရာသီဉတုနှင့် မိုးသည်းထန်စွာရွာသွန်းသောအချိန်များတွင် လည်းကောင်း၊ ရေကန်များနှင့် အမှိုက်ပုံးများတွင်လည်းကောင်း ခြင်များပေါက်ဖွားလေ့ရှိသည်ကို တွေ့ရှိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို