ဟနွိုင်း အောက်တိုဘာ ၁၃
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ကြောင်း အမျိုးသားမိုးလေဝသစင်တာက ပြောကြားသည်။
နိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးရေချိန် ၃၀ မီလီမီတာ၊ နိုင်ငံအလယ်ပိုင်း သန်ဟိုနှင့် ဟာတင်ပြည်နယ်တို့တွင် မိုးရေချိန် ၄၀ မီလီမီတာ အသီးသီးရှိကြောင်း သိရသည်။
ဒေသအတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်နိုင်ကြောင်း ၎င်းစင်တာက ပြောကြားသည်။ မြစ်ချောင်းများနှင့် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများအား သဘောဝဘေးကာကွယ်ရေးအတွက် ဆောင်ရွက်ကြရေး ညွှန်ကြားခဲ့သည်။
ကိုးကား - ဗွီအင်န်အိက်ပရက်
ဘာသာပြန် - စိုးသူရ


