ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၁၂ ဦး ထပ်မံတွေ့ရှိ

ဟနွိုင်း ဧပြီ ၁၈

 

ဗီယက်နမ်နိုင်ငံ၌  လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၂၀၁၂ ဦး  ထပ်မံတွေ့ရှိ ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက်  တစ်ဦးသာ ပြည်ပမှ  ပြန်လည်ရောက်ရှိလာသူများမှ  ကူးစက်ခံရသူဖြစ်ပြီး  ကျန်ကူးစက် ခံရသူများသည် ပြည်တွင်း၌  ကူးစက် ခံရသူများဖြစ်ကြောင်း သိရသည်။

 

ပြောကြား

 

လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၄၇၅၈၁၉ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူပေါင်း ၄၂၉၅၇ ဦးရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံမှ  ဆင်းခွင့်ရရှိသူပေါင်း  ၈၉၄၁၀၆၄  ဦးရှိပြီး ယင်းအရေအတွက်သည် ကူးစက်ခံရသူ စုစုပေါင်း၏ ၈၅  ရာခိုင်နှုန်းရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၀၉ ဒသမ ၆ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံအတွင်း အသုံးပြုခဲ့သည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများအနက် အသက်  ၁၈  နှစ်နှင့်အထက် အသက်အရွယ် ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၉၂ ဒသမ ၄ သန်း  ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်