ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်ခံရသူဦးရေ ၄၀ ထပ်မံတွေ့ရှိ

မေ ၂၈

ဗီယက်နမ်နိုင်ငံတွင် ဒေသတွင်းကူးစက်သူဦးရေ ၄၀ ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ခံရသူပေါင်း ၆၃၅၆ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိလာသည်။

 

ထပ်မံကူးစက်ခံရသူများတွင် မြောက်ပိုင်း ဘတ်ဂျန်ပြည်နယ်တွင် ကူးစက်သူဦးရေများပြားပြီး အယောက် ၃၀၊ လန်ဆန်ပြည်နယ်တွင် ရှစ်ဦး၊ ထိုင်ဘင်ပြည်နယ်နှင့် လောင်အန်ပြည်နယ်တို့တွင် ကူးစက်ခံရသူတစ်ဦးစီတို့ ပါဝင်ကြသည်။

 

လန်ဆန်ပြည်နယ်တွင် တွေ့ရှိရသော ရောဂါကူးစက်ခံရသူ ရှစ်ဦးအနက် ခုနစ်ဦးတွင် ဖျားနာခြင်းနှင့် ရောဂါလက္ခဏာ ပြသခြင်းတို့ကို တွေ့ရှိရသည်။

 

ဒေသတွင်းကူးစက်မှုများသည် ယခင်ကကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများ၊ အုပ်စုလိုက် ကူးစက်မှုများနှင့် ဆက်စပ်မှုရှိသူများ ဖြစ်ကြသည်။

 

ဗီယက်နမ်နိုင်ငံတွင် ဧပြီလနှောင်းပိုင်းတွင် ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ကူးစက်ခံရသူ ၃၂၉၄ ဦး အပါအဝင် ဒေသတွင်းကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၄၈၆၄ ဦးရှိသည်ဟု ယနေ့မနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို