ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုများရှိနေသော်လည်း စာသင်နှစ်စတင်

ဟနွိုင်း စက်တင်ဘာ

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်- ၁၉ ကူးစက်မှုဆိုးရွားစွာ ဖြစ်ပေါ်နေသော်လည်း နိုင်ငံအတွင်း ပြည်နယ်သုံးပုံနှစ်ပုံတွင် စာသင် နှစ်အသစ်စတင်နေပြီဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ပြောသည်။

ကိုဗစ် - ၁၉ ကန့်သတ်ချက်များကြောင့် ကျောင်းဖွင့်ပွဲ အခမ်းအနားကိုရိုးရှင်းစွာ ကျင်းပခဲ့ကြပြီး အွန်လိုင်းပေါ်မှ တစ်ဆင့်သာ ကျောင်းသားများကိုစုဝေးခဲ့သည်။

နောက်ထပ်နယ်မြေ ၁၃ ခု တွင် ကျောင်းဖွင့်ပွဲအခမ်းအနားကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပြီး လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှု ဗဟိုချက်မနေရာ ဖြစ်နေသည့် ဟိုချီမင်းမြို့တွင်လည်း ကျောင်း ဖွင့်ပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလအတွင်း အဆိုးရွားဆုံးသော ကိုဗစ်-၁၉ ကူးစက်မှုနှင့် ကြုံတွေ့နေရပြီး စက်တင်ဘာ ၄ ရက်အထိ ကူးစက်ခံရသူ ၅၀၀၀၀၀ နှင့် သေဆုံးသူ ၁၂၇၀၀ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြော ကြားချက်ရသိရသည်။

ဆင်ဟွာ