ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း တရုတ်ကိုရှုံးနိမ့်

၂၅ မတ်

 


ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် မြန်မာအသင်းနှင့် တရုတ်အသင်းသည် ယနေ့ညနေ ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ တရုတ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် ပထမပွဲကစားခဲ့သည့် ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းတွင် ပေးလိုက်ရ သည့် ဂိုးများကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ တရုတ်အသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၅၀ တွင် လီဇူရိ၊ ၅၂ မိနစ်တွင် လန်ကျန်းတို့က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ဗီယက်နမ်ကို နှစ်ဂိုး-တစ်ဂိုး၊ တရုတ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် နှစ်ပွဲစလုံးရှုံးထားပြီး တရုတ်အသင်းမှာမူ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားသည်။

 


မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မတ် ၂၇ ရက်တွင် ထိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။

 


ဖိုးသော်ဇင်