ဗီယက်နိုင်ငံ မက်ကပ်ကျွန်းက မျောက်တွေကိုအသုံးပြုပြီး စီးပွားရေး လုပ်ဆောင်နေခြင်းကို ဝေဖန်မှုတွေ ရင်ဆိုင်နေရ 

၉ စက်တင်ဘာ


ဗီယက်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းငယ်လေး မက်ကပ် (မျောက်) ကျွန်းမှာ မျောက်အကောင်ရေ ၁၂၀ဝ လောက်ကို ခရီးသွားလုပ်ငန်းအတွက် အသုံးချပြီး စီးပွားရေးလုပ်ဆောင်နေတဲ့အတွက် အဲဒီလိုလုပ်ဆောင်မှုကို ရပ်တန့်ဖို့ တိရစ္ဆာန်အခွင့်အရေးဆောင်ရွက်နေသူတွေက တောင်းဆိုနေပါတယ်။ 


မက်ကပ် မျောက်ကျွန်းမှာ မျောက်တွေက ခရီးသွားတွေဆီကနေ အစာပြေမုန့်ထုတ်လေးတွေ၊ ဘီစကစ်အထုတ်လေးတွေကအစ ဦးထုတ်တွေ နဲ့ မိုဘိုင်းဖုန်းအထိခိုးယူကြပြီး ခရီးသွားတွေနဲ့ ကစားလေ့ရှိပါတယ်။ 


လာရောက်လည်ပတ်သူ ဒင်သီဟိုက ကိုယ်ပေါ်ကို ခုန်တက်ပြီး ဘီစကစ်မုန့်တွေ ယူတယ်။ အိတ်ကို သူမဖွင့်မီ မျောက်က အိတ်ယူပြီဖွင့်တယ်လေ။ မျောက်တစ်အုပ် က သူမအိတ်ဖွင့်ပြီး ယူငင်ကြတယ်လို့ အတွေ့အကြုံကို ပြောပါတယ်။
 

ဗီယက်နိုင်ငံမှာ တိရစ္ဆာန်တွေကို အသုံးပြုပြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့လုပ်ငန်း အများအပြာရှိတာကို တွေရပါတယ်။ ဒေါ်လာနည်းနည်း ပေးယုံနဲ့  ဆင် နဲ့ ငှက်ကုလားအုပ် စီးနိုင်တာမျိုး၊ ဆပ်ကပ်တွေမှာ အဝတ်တွေဝတ်ဆင်ထားတဲ့ ဝက်ဝံနဲ့ ကျားတွေရဲ့ ဖျော်ဖြေမှုတွေနဲ့ စီးပွားရေး လုပ်ဆောင်နေတာတွေမျိုးကို တွေ့ရပါတယ်။ 


မျောက်ကျွန်းရဲ့ မန်နေဂျာကတော့ တိရစ္ဆာန်တွေကို မရိုက်ဘူး။ ခရီးသွားတွေပေးတဲ့ ဒေါ်လာနဲ့ သူတို့ကို ပြုစုပေးနေတယ်။ ဝင်ငွေရှိနေတဲ့အတွက် ကျွန်းကို ထိန်းသိမ်းနိုင်သလို မျောက်တွေကိုလည်း အစားအစာကျွေးနိုင်တယ်လို့ ပြောပါတယ်။ 


မျောက်ကျွန်းကိုလာရောက်လည်ပတ်သူအများစုက ဗီယက်၊ တရုတ် နဲ့ ရုရှားနိုင်ငံသား အများအပြားလာရောက်ကြောင်း သိရပါတယ်။ 


MDN

ကိုးကား- AFP