ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို နှိမ်နင်းနိုင်တဲ့ဆေးအား ခြောက်ပတ်အတွင်း ထုတ်လုပ်နိုင်ကြောင်း BioNTech ပြော

၂၂ ဒီဇင်ဘာ

 

နိုင်ငံတော်တော်များမှာ ထိုးနှံနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား Pfizer ဆေးကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်တဲ့ BioNTech ဆေးကုမ္ပဏီ တည်ဆောင်သူ အူဂါရှဟင်က ဗြိတိန်နိုင်ငံမှာတွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်ဟာ သူတို့ထုတ်ထားတဲ့ ကာကွယ်ဆေးနဲ့ နှိမ်နင်းနိုင်ချေရှိကြောင်း၊ ဒါပေမယ့် လိုအပ်ရင် ခြောက်ပတ်အတွင်း ကာကွယ်ဆေး ထုတ်ပေးနိုင်ကြောင်း ဒီနေ့ (အင်္ဂါနေ့) မှာ ပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံမှာ တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ကူးစက်မှုနှုန်းဟာ ၇၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

 

သိပ္ပံနည်းကျပြောရရင် ကာကွယ်ဆေးကြောင့် ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုဖြစ်နိုင်ချေရှိပိုများကြောင်း၊ ကိုယ်ခံအားရဲ့ တုံ့ပြန်မှုကနေ ဖြစ်လာနိုင်ချေရှိကြောင်း၊ ကာကွယ်ဆေးက ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို တိုက်ထုတ်နိုင်ကြောင်းနဲ့ တကယ်လို့ လိုအပ်ရင်လည်း ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို နှိမ်နင်းနိုင်တဲ့ ဆေးအသစ်ကို သီတင်းခြောက်ပတ်အတွင်း ထုတ်ပေးနိုင်ကြောင်း BioNTech ကုမ္ပဏီတည်ထောင်သူ အူဂါရှဟင်က ပြောပါတယ်။

 

ဗိုင်းရပ်စ်မျိုးကွဲ အသစ်ပေါ်မှာ စမ်းသပ်မှုတွေ ပြုလုပ်နေပြီး သီတင်းနှစ်ပတ်အတွင်း ရလဒ်ထွက်လာမယ်လို့ အူဂါရှဟင်က ပြောပါတယ်။ ၎င်းတို့ထုတ်ထားတဲ့ ကာကွယ်ဆေးမှာ အမိုင်နိုအက်ဆစ် ၁,၀၀၀ ကျော်ပါတဲ့အနက် ၉ ခုသာ ပြောင်းလဲသွားတဲ့အတွက် ၉၉ ရာခိုင်နှုန်းသော ပရိုတင်းတွေဟာ ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။

 

အခုလို အခြေအနေတွေကြောင့် သူတို့ထုတ်ထားတဲ့ ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်ကြောင်း၊ လေ့လာထားတဲ့ တွေ့ရှိချက်တွေ သိသိချင်းထုတ်ပြန်သွားမှာဖြစ်ကြောင်း ပညာရှင် အူဂါရှဟင်က ပြောပါတယ်။

 

MDN

ကိုးကား - AFP