ဘူးသီးတောင်မြို့၌  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာ ပြိုင်ပွဲကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၁၆

 

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာပြိုင်ပွဲကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ယနေ့ နံနက် ၈ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲကို “အမျိုးသားနေ့နှင့် နိုင်ငံအနာဂတ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲကို “အမျိုးသားနေ့နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီပိုစတာပြိုင်ပွဲများတွင် “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၁)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲ၌ ကျောင်းသား ကျောင်းသူ (၂၂)ဦး၊ ပန်းချီပိုစတာပြိုင်ပွဲ အထက်တန်းအဆင့်၌ ကျောင်းသား ကျောင်းသူ (၁၆)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား ကျောင်းသူ (၁၄)ဦး စုစုပေါင်း(၇၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

 

ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

လှကျော်(ပြန်/ဆက်)