ဘူးသီးတောင်၊ ၁၂ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ ၁၆၃ ဦး လွှတ်ပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ဘူးသီးတောင်မြို့ အကျဉ်းဉီးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးရွှေလှအောင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူဝင်းတို့က လွတ်မြောက်လာသော အကျဉ်းသားများအား ဆုံးမသြဝါဒစကား ပြောကြားကြသည်။
ထို့နောက် ဘူးသီးတောင်အကျဉ်းထောင်မှ တာဝန်ခံအရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးမောင်မောင်ဌေးက အမှာစကားပြောကြားကာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ထောင်ထွက် လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်သည်။
လှကျော်(ပြန်/ဆက်)