ဘုတ်ပြင်း ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်က ရွှေဘုံသာရပ်ကွက်ရှိ ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ထွန်းမင်းခိုင်၊ ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား စိုက်ပျိုးမည့်ပျိုးပင်များကို ပေးအပ်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက စုစုပေါင်းပျိုးပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


