ဘုန်းမောက်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးအသင်း ဦးဆောင်နိုင်ခဲ့

၁၁ ဖေဖော်ဝါရီ

 

လီဗာပူးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၆ မှာ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

 

လီဗာပူးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းက    ပွဲကစားချိန် ၂၄ မိနစ်မှာ မာနေး၊ ၃၄  မိနစ်မှာ  ဝစ်နယ်ဒန်နဲ့  ၄၈  မိနစ်မှာ    ဆာလာတို့ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ ပွဲစဉ် ၁၅ ပွဲမှာ တစ်ပွဲသာ ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး ၁၁  ပွဲအနိုင်ရရှိကာ သုံးပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

လီဗာပူးအသင်းဟာ  လက်ရှိမှာ  ရမှတ်  ၆၅  မှတ်နဲ့အမှတ်ပေးဇယားကို   ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းက  ရမှတ်  ၆၂  မှတ်နဲ့  အဆင့်  ၂  မှာ ရပ်တည်ထားတာဖြစ်ပါတယ်။

 

ငွေကြယ်