ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၅၀ဝ၀ ကျော် ရှိလာ

၇ ဇူလိုင်

 

 

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၆၂၀ ရှိပြီး ယမန်နေ့က သေဆုံးသူစုစုပေါင်း  ၆၅၄၈၇ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

နိုင်ငံအတွင်း နေ့စဉ် ၂၀၂၂၉ ဦး ကူးစက်ခံရပြီး ကိုဗစ်-၁၉ စတင်ကူးစက်ခံရချိန်မှ စတင်ကာ ကူးစက်ခံရသူစုစုပေါင်း ၁၆၂၃၂၈၄ ဦး အထိ မြင့်တက်လာသည်။

 

 

အဆိုပါ ရောဂါကူးစက်ခံရမှုမှ ပြန်လည်ကျန်းမာလာသူ ၉၂၇၂၉၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

 

ဘရာဇီးနိုင်ငံတွင် လူဦးရေ ထူထပ်များပြားဆုံးဖြစ်သည့် ဆော့ပိုလိုပြည်နယ်သည် ကူးစက်မှု အမြင့်ဆုံးဖြစ်သည်။ထိုပြည်နယ်တွင် ကူးစက်ခံရသူ ၃၂၃၀၇၀ ရှိပြီး ယင်းကူးစက်ခံရမှုကြောင့်  ၁၆၁၃၄ ဦး သေဆုံးခဲ့သည်။

 

 

ရီယိုဒီဂျနေရိုပြည်နယ်တွင် ကူးစက်ခံရမှု ၁၂၁၈၇၉ ရှိပြီး သေဆုံးသူ ၁၀၆၉၈ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို