ဘရာဇီးတွင်  ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၆၀ဝ၀ဝ နီးပါးရှိပြီး ကူးစက်မှု ဒုတိယ အများဆုံးနေ့ ဖြစ်လာ

၂၄ ဇူလိုင်

 

 

ဘရာဇီးနိုင်ငံတွင်  ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၅၉၉၆၁ ဦး ရှိပြီး ကူးစက်မှု ဒုတိယအများဆုံးနေ့ ဖြစ်လာသည်။

 

 

ဇူလိုင် ၂၂ ရက်နေ့က ထပ်မံကူးစက်ခံရသူ ၆၇၈၆၀ ဦး ရှိပြီး တစ်ရက်အတွင်း ကူးစက်မှု စံချိန်တင် မြင့်တက်ခဲ့သောနေ့ ဖြစ်ခဲ့သည်။

 

 

ဘရာဇီးနိုင်ငံတွင် ကူးစက်ခံရသူပေါင်း ၂၂၈၇၄၇၅ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၃၁၁ ဦး ရှိပြီး သေဆုံးသူပေါင်း ၈၄၀၈၂ ဦး ရှိလာသည်။

 

 

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု  ဒုတိယအများဆုံး နိုင်ငံဖြစ်လာသည်။

 

 

ဘရာဇီးနိုင်ငံတွင် ဆောပိုလိုပြည်နယ်သည် လူဦးရေ အထူထပ်ဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၄၅၂၀ဝ၇ ဦးနှင့် သေဆုံးသူ ၂၀၈၉၄ ဦး ရှိသဖြင့် ကူးစက်မှု အများဆုံး ဖြစ်ပွားရာ ပြည်နယ်ဖြစ်သည်။ ရီရိုဒီဂျနီးရိုးပြည်နယ်တွင် ကူးစက်ခံရသူ ၁၅၁၅၄၉ ဦး ရှိပြီး သေဆုံးသူ ၁၂၅၃၅ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို