ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် လူဦးရေ ၇၅၀၀၀ ကျော် သေဆုံးမှုရှိလာ

၁၆ ဇူလိုင်

 

 

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၂၃၃ ဦး ရှိပြီး နိုင်ငံတစ်ဝှမ်း သေဆုံးသူပေါင်း ၇၅၃၆၆ ဦး ရှိကြောင်း ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကူးစက်ခံရသူ ၃၉၉၂၄ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး ကူးစက်ခံရသူပေါင်း ၁၉၆၆၇၄၈ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။

 

 

ဆောပိုလိုပြည်နယ်သည် လူဦးရေ ထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရမှု အများဆုံး ဖြစ်သည်။

 

 

အဆိုပါ ပြည်နယ်တွင် ကူးစက်ခံရသူ ၃၉၃၁၇၆ ဦး ရှိပြီး သေဆုံးသူ ၁၈၆၄၀ ရှိသည်။

 

 

ရီယိုဒီဂျနီးရိုပြည်နယ်တွင် ကူးစက်ခံရသူ ၁၃၄၄၄၉ ဦးနှင့် သေဆုံးသူ ၁၁၇၅၇ ဦး ရှိသည်။

 

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာတွင် အမေရိကန်ပြည်ထောင်စု ပြီးလျှင် ဒုတိယ ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို