ဘရာဇီးသမ္မတ ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကြိမ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရာ ထပ်မံကူးစက်ခံရ

၁၆ ဇူလိုင်

 

 

ဘရာဇီးသမ္မတ ဘော်ဆိုနာရို သည် ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီးနောက် ရက်သတ္တပတ်တစ်ပတ်အကြာ ယမန်နေ့က နောက်တစ်ကြိမ် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ထပ်မံကူးစက် ခံရသည်ဟု ယမန်နေ့က အတည်ပြု ဖော်ပြထားသည်။

 

 

ထိုထုတ်ပြန်ချက်အရ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက နောက်ဆုံး စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ညပိုင်းတွင် စမ်းသပ်စစ်ဆေးမှုအဖြေ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

 

 

ဘော်ဆိုနာရိုသည် ကိုယ်လက် မအီမသာ ဖြစ်ခြင်းနှင့် အဖျားကြီးခြင်းတို့ ဖြစ်ပြီးနောက် ဘရာဇီးဆေးရုံတွင် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပြီး ဇူလိုင် ၇ ရက်နေ့တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် အယ်လ်ဗိုရာဒါနန်းတော်ရှိ ဉယျာဉ်ထဲတွင် လုံခြုံရေး အစောင့်များ လိုက်ပါကာ မကြာခဏ လမ်းလျှောက်ပေးရန် ဘော်ဆိုနာရိုကို ၎င်း၏ ဆရာဝန်များက ညွှန်ကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို