ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုတွင် ကိုဗစ်-၁၉ ရောဂါပိုး တတိယအကြိမ် တွေ့ရှိ

၂၃ ဇူလိုင်

           

 

နှစ်ပတ်အတွင်း တတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိပြီးနောက် ဘရာဇီးသမ္မတ ဂျိုင်ယာဘိုလ်ဆိုနာရိုက ဘရာစီလီးယားမြို့တော်ရှိ သမ္မတအိမ်တော်၌ ဆက်လက်၍ သီးသန့်ခွဲနေလျက်ရှိသည်။

           

 

သမ္မတ ဘိုလ်ဆိုနာရို၏ ဆေးအဖွဲ့က ဇူလိုင်လ ၂၁ ရက်က စမ်းသပ်မှု ရလဒ်ကို ယမန်နေ့က ကြေညာခဲ့ပြီး သမ္မတမှာ ကျန်းမာရေး ကောင်းမွန်သည်ဟု ဆိုသည်။

           

 

နောက်ဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုရလဒ်ကြောင့် လာမည့်ရက်များအတွင်း ဘာဟီယာနှင့် ပီယာအိုင်ပြည်နယ်များသို့ သွားရောက်မည့် ခရီးစဉ်များကို ဆိုင်းငံ့ထားကြောင်း သမ္မတ၏ အကြံပေးများက ပြော ကြားသည်။

           

 

သိပ္ပံပညာရှင်များက ဆေးဘက်ဆိုင်ရာ အထောက်အထားများအရ ထိရောက်မှု မရှိဟု ပြောကြားထားသော်လည်း သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးတို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ငှက်ဖျားတိုက်ဖျက်ဆေး ဟိုက်ဒရိုဇီကလိုရိုကွင်းဖြင့် ကုသနေကြောင်း သမ္မတ ဘိုလ်ဆိုနာရိုက ပြောသည်။

           

 

သမ္မတ ဘိုလ်ဆိုနာရိုမှာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဝေဖန်မှုခံခဲ့ရသည်။  ဘိုလ်ဆိုနာရိုက ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကျန်းမာရေး ဝန်ကြီးနှစ်ဉီးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ခပ်ခွာခွာနေ စည်းမျဉ်းများ အပါအဝင် ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်မည့် အစီအမံများကို ဆန့်ကျင်ခဲ့သည်။

           

 

ဘရာဇီးနိုင်ငံက လက်တင်အမေရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အများဆုံး ဖြစ်ပွားရာ တိုင်းပြည်ဖြစ်ပြီး ကူးစက်လူနာ ၂ ဒသမ ၁ သန်းကျော်နှင့် သေဆုံးသူ ၈၀၁၀ဝ ကျော်အထိ ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

2356