ဘရာဇီးနိုင်ငံဝန်ကြီး နယူးယောက်မြို့ရောက်ရှိစဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

စက်တင်ဘာ ၂၂

နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေး တက်ရောက်သည့် ဘရာဇီးသမ္မတ ဘော်ဆိုနာရိုနှင့်အတူ လိုက်ပါလာသော ဘရာဇီးဝန်ကြီးတစ်ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု သိရသည်။

ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါသည် တနင်္ဂနွေနေ့တွင် နယူးယောက်မြို့သို့ သွားရောက်ခဲ့သည့် သမ္မတ၏ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

သမ္မတဘော်ဆိုနာရိုသည် ထိုအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားပြီးနောက် အင်္ဂါနေ့က ထွက်ခွာလာကြောင်း ဖော်ပြထားသည်။

ဘရာဇီးအစိုးရက ကီရိုဂါကို နယူးယောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရသည်ဟု ယမန်နေ့ကဆိုသည်။

ရောဂါလက္ခဏာမပြသော်လည်း ဟိုတယ်တွင် ၁၄ ရက်ကြာ ကီရိုဂါ   တစ်ဦးတည်းသီးခြား နေထိုင်ခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် သမ္မတ ဘော်ဆိုနာရိုတို့ တနင်္လာနေ့ တွေ့ဆုံစဉ်က ကီရိုဂါလည်း ပါရှိသည်ဟု သိရသည်။

တနင်္ဂနွေနေ့က သူသည် ဘော်ဆိုနာရိုနှင့်အတူ အခြားဝန်ကြီးများဖြင့် လမ်းပေါ်တွင် ပီဇာစားခဲ့သည်ဟု ဆိုသည်။

ဘော်ဆိုနာရိုသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမရှိပဲ အမေရိကန်နိုင်ငံသို့ ခရီးသွားခဲ့သဖြင့် ဘရာဇီးနိုင်ငံတွင် အပြင်းအထန် ဝေဖန်ခံရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို