ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂၀၀၀၀ ကျော်ရှိလာ

ရီယိုဒီဂျနေးရိုး   ၃၁  ဩဂုတ်

ကိုဗစ်-၁၉ ပထမဆုံး အတည်ပြု လူနာတွေ့ရှိခဲ့သည်ဟု ကြေညာပြီး ခြောက်လအကြာတွင် ဘရာဇီးနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ကြောင့်သေဆုံးသူ ၁၂၀၀၀၀ အထိ ရှိလာခဲ့သည်။

သို့သော်လည်း ပြီးဆုံးမည့် အရိပ်လက္ခဏာများ မမြင်ရသေးပေ။ လူဦးရေ ၂၁၂ သန်း နေထိုင်လျက် ရှိသော ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၂ဝ၂၆၂ ဦး ရှိလာ ခဲ့ပြီး ကိုဗစ် - ၁၉ အတည်ပြုလူနာ ၃၈၄၆၁၅၃ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံပြီးလျှင် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့်သေဆုံး သူ ၁၂၀၀၀၀ ကျော်လွန်သည့် ဒုတိယနိုင်ငံ ဖြစ်လာခဲ့သည်။ အမေရိ ကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၈၂၀၀၀ အထိ ရှိလာခဲ့သည်။ ဥရောပ၊ အာရှနှင့် မတူဘဲ ဘရာဇီးနိုင်ငံ၏ ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် နှေးကွေးသည်ဟု ဆိုရမလိုဖြစ်သော်လည်း ရိုက်ခတ် မှုမှာ ပြင်းထန်လှကြောင်း ပြည်သူ့ ကျန်းမာရေး အင်စတီကျုဖြစ်သည့် ဖီအိုခရုဇ်မှ သုတေသီတစ်ဦး ဖြစ်သူ ခရစ်စတိုဗန်ဘာဆယ်လို့စ်က ပြောကြားလိုက်သည်။

ဘရာဇီးနိုင်ငံသည် တခြားနိုင်ငံ များနှင့်မတူဘဲ တစ်မျိုးတစ်ဘာသာ ထူးဆန်းသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၎င်း၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုပြမျဉ်းကွေးသည် နှေးကွေးမှုကို ဖော်ပြလျက်ရှိကြောင်း ၎င်းက အေအက်ဖ်ပီသို့ ပြောကြားလိုက်သည်။ ကိုဗစ်-၁၉ကူးစက်မှုသည် တည်ငြိမ်လျက်ရှိသော်လည်း အလွန်အန္တရာယ်များသော အဆင့်ဖြစ်ကြောင်းနှင့် တစ်နေ့လျှင် သေဆုံးသူ အနည်းဆုံး ၁၀၀၀ နှင့် ကူးစက်ခံရသူ ၄၀၀၀၀ နီးပါးရှိကြောင်းနှင့် ဘရာဇီးသည် ကိုဗစ်-၁၉ ကူးစက်မှု အမြင့် ဆုံးကို မကျော်လွန်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားလိုက် သည်။

အေအက်ဖ်ပီ