ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ၂၅၀၄ ဦး ထပ်မံသေဆုံး

ဇွန် ၁၁

 

ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၅၀၄ ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၄၈၂၀၁၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၂၁၀၉၆၉ ဦး အထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂၃ ဒသမ ၄ သန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၇၅ ဒသမ ၂ သန်းကျော်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို