ဖေဖော်ဝါရီ ၇

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပါနမ်ဘူကိုပြည်နယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုတို့ဖြစ်ပွားသဖြင့် ခုနစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါပြည်နယ်ရှိ ရီစဖီမြို့တွင် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲပိုင်းကစတင်ကာ မိုးများစံချိန်တင်ရွာသွန်းခဲ့ကြောင်း ဒေသန္တရသတင်းများကို ကိုးကားပြီး ထိုတပ်ဖွဲ့က ဖော်ပြထားသည်။

ရီစဖီမြို့တော်ဝန်ဂျိုအေအိုကမ်က မြေပြိုမှုကြောင့် အန္တရာယ်ရှိဒေသများမှအိမ်ထောင်စု ၉၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး မြို့၏နေရာအများအပြားတွင် စာသင်ခန်းများကို ခေတ္တပိတ်ထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရွာသွန်းမှုကြောင့် ရေဘေးသတိပေးချက် ဆက်လက်ထားရှိသည်ဟု မြို့တော်ဝန်ရုံး၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို