ဘရာဇီးနိုင်ငံ သမ္မတမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိ

၈ ဇူလိုင်

 

 

ဘရာဇီးနိုင်ငံ သမ္မတ ဂျာအိ ဘိုဇိုနာရို မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန် ကြေညာပါတယ်။

 

 

အသက် ၆၅ နှစ်အရွယ် သမ္မတဟာ ဗိုင်းရပ်စ်ရောဂါပိုး လက္ခဏာ ရှိနေကြောင်း ပြောဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး ခွပ်ခွာခွာနေရေး စည်းမျဉ်းကို လိုက်နာခြင်း မရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ရုပ်မြင်သံကြား အင်တာဗျူးမှာ သူ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ပြောဆိုပြီး အင်တာဗျူး ဆက်ဖြေကြားစဉ်မှာ မျက်နှာဖုံး ချွတ်လိုက်တာကို  တွေ့ရကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

 

သမ္မတဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို အလေးမထားတဲ့ အနေနဲ့ ဗိုင်းရပ်စ်ပိုး စတင်ပြန့်ပွားချိန်မှာ သာမန်တုပ်ကွေး အဖြစ်သာ ခေါ်ဝေါ်ပြီး လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိတာကို တွေ့ရပါတယ်။

 

 

ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူနဲ့ ရောဂါပိုး တွေ့ရှိသူ ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁,၆၇၄,၆၅၅ ဦးရှိပြီး သေဆုံးသူ ၆၆,၈၆၈ ဦး ရှိကြောင်း ဇူလိုင် ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP