ဘရားဇီးနိုင်ငံ မြောက်ပိုင်း ပြည်နယ်အား ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် ညမထွက်ရ အမိန့် ထုတ်ပြန်

၁၅ ဇန်နဝါရီ

 

 

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အမေဇုံနားပြည်နယ်အား ၁၀ ရက် ညမထွက်ရ အမိန့် ထုတ်ပြန်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် ဆေးရုံတွေမှာ ကုတင်နဲ့ အောက်ဆီဂျင် ပြတ်လပ်မှုတွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အား ပြိုကျအောင်အထိ တွန်းအားပေးနေကြောင်း တာဝန်ရှိသူတွေက သတိပေးပြောကြားပါတယ်။

 

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလ်ဆင် လီမာက ပြည်နယ်ဟာ ကပ်ရောဂါပိုးကြောင့် အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေကြောင်းနဲ့ စစ်မြေပြင်ကို ရောက်နေသလို ဖြစ်တဲ့အတွက်  တားမြစ်မှုကို လိုအပ်တဲ့ ညွှန်ကြားရတာဖြစ်ကြောင်း ပြောပါတယ်။

 

 

ညမထွက်ရ အမိန့် (ည ၇ နာရီ မှ နံနက် ၆ နာရီ) အား ဒီနေ့(သောကြာနေ့) မှစပြီး ၁၀ ရက်ကြာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

 

 

ပြည်နယ် မြို့တော် မန်းနော့စ်မှာ နေထိုင်သူ လူဇာ ကတ်ထရိုက ဆေးရုံမှာ အိပ်ရာလည်း မရှိတော့ဘူး၊ အောက်ဆီဂျင်လည်း ပြတ်နေတယ်။ မြို့ခံတွေမှာ ယုံကြည်မှုကလွဲပြီး ဘာမှ မရှိတော့ဘူးလို့ သတင်းဌာနတွေကို ပြောပါတယ်။

 

 

မန်းနော့မြို့တွင် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာ လူသေအလောင်း ၁၉၈ သင်္ဂြုဟ်ရာမှာ ၈၇ လောင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

အမေဇုံနားပြည်နယ်ကို  အောက်ဆီဂျင် အိုးပေါင်း ၄၀၀ စစ်တပ်ကနေ ပြီးခဲ့တဲ့ ငါးရက်မှာ ပို့ပေးခဲ့ကြောင်း သိရပါတယ်။

 

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံး ၂၀၅,၀၀၀ ကျော်ရှိကြောင်း၊ အမေရိကန် နိုင်ငံပြီးရင် ဒုတိယမြောက် သေဆုံးသူ အများဆုံး နိုင်ငံဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

တစ်နိုင်ငံလုံးမှာ ယေဘုယျအားဖြင့် လူဦးရေ ၁၀၀,၀၀၀ မှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၉၈ ဦး ရှိပေမယ့် အမေဇုံနား ပြည်နယ်မှာ လူဦးရေ ၁၀၀,၀၀၀ မှာ ၁၄၂ ဦး သေဆုံးပြီး ရီယိုဒီဂျနေယိုးတွင် ၁၅၈ ဦးနဲ့ ဘရာဇီလီးယားတွင် သေဆုံးသူ ၁၄၅ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP