ဘင်္လားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးတဲ့ အဖြေအတု ထုတ်ပေးသော ဆေးရုံပိုင်ရှင်ကို ဖမ်းဆီးရရှိ

၁၆ ဇူလိုင်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးရုံပိုင်ရှင်ဟာ ထောင်ချီတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး အဖြေစာရွက် အတုတွေ ထုတ်ပေးကြောင်း၊ဆေးရုံပိုင်ရှင်ပိုင်တဲ့ ဆေးခန်းနှစ်ခုက ဗိုင်းရပ်စ်ပိုးကို စစ်ဆေးခြင်းမရှိဘဲ ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း စာရွက်အတုတွေ ထုတ်ပေးခဲ့ပါတယ်။

 

အဲဒီ ဆေးရုံပိုင်ရှင် အမျိုးအသားဟာ ဘာကာ ဝတ်ဆင်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးဖို့ ပြုလုပ်စဉ် ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 

ဆေးရုံပိုင်ရှင် အသက် ၄၂ နှစ် မိုဟာမက် ရှာဟတ်ကို ဖမ်းဆီးရန် ကိုးရက်တိတိ လိုက်လံ ရှာဖွေခဲ့ရပြီး ဈေးတစ်ဈေးမှာ ဖမ်းဆီးခံခဲ့ရ ဖြစ်ပါတယ်။

 

စာရွက်စာတမ်း အတုလုပ်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း တစ်ဒါဇင်ကျော် ဖမ်းဆီးပြီး ဖြစ်ပါတယ်။

 

လူဦးရေ ၁၆၈ သန်းနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အတုလုပ်ခြင်းဟာ ဗိုင်းရပ်စ်ပိုး  ပြန့်ပွားမှုကို ပိုမိုဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

 

မိုဟာမက် ရှာဟတ် ပိုင်ဆိုင်တဲ့ ဆေးရုံမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးသူပေါင်း ၁၀,၅၀၀  ရှိရာ ၄,၂၀၀ ဟာ စစ်ဆေးခဲ့ပြီး ကျန်အရေအတွက် ၆,၃၀၀ ဟာ စစ်ဆေးခြင်းမရှိဘဲ စာရွက်စာတမ်း ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အတုထုတ်ပေးတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားသို့ သွားရောက်တဲ့ ရွှေ့ပြောင်းလုပ်သား ဈေးကွက်ကို ထိခိုက်စေကြောင်း ရွှေ့ပြောင်းလုပ်သား အရေးဆောင်ရွက်နေတဲ့ အဖွဲ့  OKUP က ပြောပါတယ်။

 

ရွှေ့ပြောင်းလုပ်သား ၁၂ သန်းခန့်မှ အိမ်ပြန်ပို့ငွေ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံရှိကြောင်း သိရပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၉၃,၀၀၀  ရှိပြီး သေဆုံးသူ ၂,၄၅၇ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP