ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၉၆ ဦး ထပ်မံတွေ့ရှိ

အောက်တိုဘာ ၄

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၀၂၆၉၀၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ( ဒီဂျီအိတ်ချ်အက်စ် )က ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၂၉၃၇၁ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ၅၈၀၁ ဦးကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၉၆၆၆၄၅ ဦးအထိ ရှိလာကြောင်း ဒီဂျီအိတ်ချ်အက်စ်က ယမန်နေ့ကပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်က ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု အများဆုံးဖြစ်ပြီး ရောဂါကူးစက်ခံရသူဦးရေ ၁၆၂၃၀ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို