ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် Online Learning System ဖြင့်ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၁၇) သင်တန်းဆင်းပွဲအခမ်းအနား

ရန်ကုန် ၁၅ ဇန်နဝါရီ

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၁၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ(၁၅)ရက် ညနေ ၄ နာရီက ကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန်က Online မှသင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှပါမောက္ခများ၊ သင်ကြားပို့ချခဲ့သည့်ဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အနေဖြင့် ဤသင်တန်းကို COVID-19 ကူးစက် ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးမထိခိုက်စေဘဲ သင်ကြားသင်ယူမှုအခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် နည်းပညာအတွေ့အကြုံများရရှိပြီး နိုင်ငံတော်၏ e-Government လုပ်ငန်းများတွင် အထောက်အကူပြုစေရေးတို့ကို ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် Online Learning System ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်း(၂၈)ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ်သင်တန်းသား (၅၄)ဦး၊ သင်တန်းသူ (၆၅)ဦး၊ စုစုပေါင်း (၁၁၉)ဦးတို့ Online ဖြင့် တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ရက်သတ္တ(၄)ပတ်ကြာ Zoom Cloud Meetings နှင့် Google Classroom တို့ကို အသုံပြု၍ Online Learning System ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်