ဘိုလီးဗီးယားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် ရွှေတူးဖော်ရေးလုပ်သား ငါးဦးသေဆုံး

မေ ၂၇

 

ဘိုလီးဗီးယားနိုင်ငံအလယ်ပိုင်းမြစ်ကမ်းပါး၌ မေ ၂၅ ရက်က ရွှေတူးဖော်နေချိန်တွင် မြေပြိုမှုဖြစ်ပွားသောကြောင့် ရွှေတူးဖော်ရေးလုပ်သား ငါးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့ကပြောကြားခဲ့သည်။ 

 

ကိုကာပါတာမြို့တွင် မြေပြိုမှုကြောင့် ထိခိုက်သေဆုံးသူများသည် အသက် ၂၀ မှ ၄၀ နှစ်အရွယ်များဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

ဖယ်လ်ဆူရီကျန်းမာရေးစင်တာရှိဆရာဝန်များက မေ ၂၅ ရက် သန်းခေါင်ယံချိန်က ထိုမြေပြိုမှုကိုကြားသိရသဖြင့် ရဲတပ်ဖွဲ့နှင့်အတူ ယင်းနေရာသို့သွားရောက်ပြီး သေဆုံးသူငါးဦး၏ရုပ်အလောင်းများကို စစ်ဆေးအတည်ပြုခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

 

အခြားသောရွှေတူးဖော်ရေးလုပ်သားများမှာမူ အဆိုပါမြေပြိုမှုမဖြစ်ပွားမီ လွတ်မြောက်နိုင်ခဲ့ကြောင်း  ကိုချာဘမ်ဘာအစိုးရ သတ္တုတွင်းဝန်ကြီး အီတာရီရိုဂါလင်ဒိုက ထပ်လောင်းပြောသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို