ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား  ၁၁၄၇ ဦး လွတ်မြောက်

မန္တလေး၊  ၁၂ ဖေဖော်ဝါရီ

မန္တလေးမြို့  အောင်မြေသာစံမြို့နယ် ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး) ဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက်သော အကျဉ်းသား/အကျဉ်းသူများအား   မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊  မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မွန်လတ်၊ မန္တလေးခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဦးရဲရင့်ထွန်း၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းတို့က ဩဝါဒစကား ပြောကြားကြသည်။

ဗဟိုအကျဉ်းထောင်(မန္တလေး) မှ ယနေ့တွင် ကျား ၉၂၅ ဦး၊ နိုင်ငံခြားသား  ကျား ၅ ဦး ၊ ပေါင်း ကျား ၉၃၀ ၊ အကျဉ်းသူ နိုင်ငံသား မ ၂၁၅ ဦး၊ နိုင်ငံခြားသား မ ၂ ဦး၊ ပေါင်း မ ၂၁၇ ဦး စုစုပေါင်း ၁၁၄၇ ဦး  လွတ်မြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်