ဘော့ဆွာနာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူ ၂၅ ဦးတွေ့ရှိ

ဒီဇင်ဘာ ၉

 

ဘော့ဆွာနာနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၅ ဦးထက်မနည်းတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

သိပ္ပံပညာရှင်များက ထိုဗီဇပြောင်းဗိုင်းရပ်စ်သည် ပိုမိုကူးစက်လွယ်သည်ကိုတွေ့ရှိခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေတိုးတက်လာသည်ဟု ကျန်းမာရေးဝန်ကြီး အက်ဝင် ဒီကလော့တီက မြို့တော်ဂါဘရွန်နေတွင် သတင်းထောက်များကိုပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာ ၆ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူပြီးသူ ၁၀၉၄၃၈၈ ဦး၊ နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

 

ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၉၈၂၂၇၅ ဦး၊ ၇၀ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

 

လူဦးရေ ၂ ဒသမ ၃၅ သန်းရှိသည့်အနက်  ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၁၉၅၅၅၂ ဦးရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၂၄၂၀ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို