ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၏ နှစ်သစ်ကူး ဆုတောင်းစကားသံများ

th

ဦးသောင်းထိုက် {ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ}
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ ဘာသာပေါင်းစုံမှ ညီအစ်ကို မောင်နှမ များအားလုံး ကပ်ရောဂါဘေးကနေ ကင်းဝေး ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံနှင့် လူမျိုးအကျိုး ငြိမ်းချမ်းသာယာ ၀ပြောသော နိုင်ငံတော်ကြီးဖြစ်ရန် ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

မြန်မာပြည်သူ ပြည်သားအားလုံးအနေနဲ့ ကပ်ရောဂါဘေးကနေ ကင်းဝေးစေရေး အတွက် နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးခြင်းအားဖြင့် အားလုံးကပ်ရောဂါ ဘေးကနေ ကင်းဝေးမှာဖြစ်တဲ့အတွက် လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်။

 

tmw

စတီဗင် သန်းမြင့်ဦး {သာသနာပိုင်ချုပ်ကြီး၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်

(အင်္ဂလီကန်)}

မေတ္တာ၊ ကရုဏာ အနန္တနှင့် ပြည့်စုံတော် မူသော အဖထာဝရဘုရား ယနေ့ နှစ်သစ် ကျရောက်သည့် မြန်မာနှစ်သစ် အခါသမယ မှာ မြန်မာပြည်သူ ပြည်သားအားလုံးအပေါ် မှာ ဘုရားရှင်ရဲ့ ကောင်းချီးမင်္ဂလာချပြီး သွန်းလောင်းတော်မူပါ။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း ရောဂါဘယ ကင်းဝေး ခြင်းများနှင့်ပြည့်စုံ၍ ဒီနှစ် တစ်နှစ်လုံးသည် မင်္ဂလာရှိသောနှစ်အဖြစ် ပေးသနားတော်မူပါ သားတော်မြတ်သခင် ယေရှုနာမ၌ ဆုတောင်း မေတ္တာပို့ပါ၏ အဖထာဝရဘုရား။ အာမင်၊
ချစ်သော မြန်မာပြည်သူ ပြည်သား အပေါင်းတို့ ယခုလို အချိန်အခါမျိုးမှာ အရေးကြီးတဲ့ အချိန်အခါကာလဖြစ်တဲ့ အတွက် ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဘေးကို အောင်မြင်ကျော်လွှားနိုင်ဖို့အတွက် အရေးကြီး ဆုံးဖြစ်တဲ့ မိမိတို့ကိုယ်ကို မိမိတို့ ဆင်ခြင်ပြီး သကာလ ကိုယ့်ရဲ့အိမ်မှာ နေခြင်းအားဖြင့် ကမ္ဘာ့လူသားမျိုးနွယ်ကို ခြိမ်းခြောက်လျက် ရှိသော ကပ်ရောဂါဆိုးကြီးကို အနိုင်ယူကြ ပါစို့လို့ မေတ္တာအားဖြင့် နှိုးဆော်တိုက်တွန်း လိုပါတယ်။ အားလုံးကျန်းမာ ချမ်းသာကြ ပါစေ။

 

kjshf

အယ်ဟဂ်ျခလီဖွှာ ဦးအေးလွင်

(အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်ဩရေးမှူး)

ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်း နေထိုင်နေကြတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး ယနေ့ မြန်မာနှစ်သစ်ကူး အချိန်အခါသမယ မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါ စေလို့ ဦးစွာပထမ ဆုတောင်းလိုပါတယ်။ ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ဒီအခက်အခဲ တွေကလည်း အောင်မြင်မှုအတွက် ခြေလှမ်း တွေအဖြစ်နဲ့ သတ်မှတ်ပြီးတော့ကာ ဒီက ရရှိလာတဲ့ အတွေ့အကြုံနဲ့ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ရယ် ဒီက တစ်ဆင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ သဗ္ဗေသတ္တာ ဝေနေယျာတွေ အေးချမ်းသာယာစေဖို့အတွက် ကျွန်တော်တို့ တစ်ပိုင်တစ်နိုင် ကြိုးစားနိုင်ဖို့ အတွက် အင်အားတွေအဖြစ်နဲ့ ဒီအတွေ့အကြုံ ကို ကျွန်တော်တို့ ပြောင်းလဲပစ်ကြပါလို့ မေတ္တာ ဆုတောင်း ပို့လိုပါတယ်။

 

jkshf

ဒေါ်ကက်သလင်းသိန်း {အင်ကြင်းမေ

ဟိန္ဒူအမျိုးသမီးကွန်ရက် (တည်ထောင်သူ)}

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသော အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို ဘုရားရှင်ကရိသျှဏမှ စောင့် ရှောက်တော်မူပြီး ထာဝစဉ်ငြိမ်းချမ်းခြင်းနှင့် ပြီးပြည့်စုံသော မြန်မာနိုင်ငံတော်အဖြစ် အဓွန့် ရှည်နိုင်ပါစေ။ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြပါသော ပြည်သူ ပြည်သားများ အားလုံး အချင်းချင်းမေတ္တာတရားထားရှိပြီး ပြည်တွင်းစစ်ပွဲများ လုံးဝရပ်တန့်သွားနိုင် ပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ယခုလက်ရှိ ခံစားကြောင့်ကြနေရပါသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးမှ အမြန်ဆုံးလွတ်မြောက်နိုင် ကြပါစေလို့ ဟိန္ဒူဘာသာဝင် အားလုံးကိုယ်စား ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အားလုံး ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်းကြပါစေ၊ ငြိမ်းချမ်း ကြပါစေ။

တွေ့ဆုံမေးမြန်း - မင်းသစ် (MNA)
ဓာတ်ပုံ - နေလင်း