ဘာစီလိုနားက ပျားသလက်ပုံစံ အိမ်ခန်းများ 

၁၈ မတ် 

 

ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံ က ပျားသလက် ပုံစံအိမ်မျိုးကို  စပိန်နိုင်ငံမှာ ဆောက်လုပ်အသုံးပြု နေပြီဖြစ် ပါတယ်။ အဲဒီလို အိမ်မျိုးကို ဂျပန်လို “ဟေဘူး”လို့ခေါ်ပါတယ်။ စပိန်နိုင်ငံမှာ ပထမဦးဆုံး ဆောက်လုပ်တဲ့ ဟေဘူးမှာ အခန်းပေါင်း ၂၀ ပါဝင်တာကို တွေ့ရပါတယ်။ အသေးဆုံး အခန်းဟာ ၂ မီတာ ရှည်ပြီး၊ အကျယ်အဝန်း က ၁.၂ မီတာ နှင့် အမြင့်က ၁.၂ မီတာ ဘဲရှိတဲ့အတွက် အဲဒီအခန်းမှာနေတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက် မတ်တပ်ရပ်လို့တောင် မရနိုင်ကြောင်း သိရပါတယ်။ 

 

mdn

 

ဘာစီလိုးနားက ဟေဘူးမှာ ပထမဦးဆုံးနေတဲ့သူတွေက တစ်ယောက်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ကုန်ကားမောင်းသူ ဟယ်ရီကတော့ ဒီအခန်းက သူ့အတွက် သင့်တော်တဲ့အခန်းဖြစ်တယ်လို့ ပြောပါတယ်။  အလားတူ အသက် ၃၆ နှစ်အရွယ် လျှပ်စစ်မီးပြင်ဆရာက သူ့ရဲ့အချိန်းပိုင်းအလုပ်ကနေ တစ်လကို ယူရို ၈၀ဝ ဘဲဝင်ငွေရှိတယ်။ သူ့ကလေးတွေကို ထောက်ပံငွေနဲ့ ကွဲနေတဲ့ သူ့အမျိုးသမီးဟောင်းနဲ့အတူ ဝယ်ထားတဲ့ အိမ်အကြွေးအတွက် တစ်လကို ယူရို ၆၀ဝ ပေးရတဲ့အတွက် ဒီအိမ်ခန်းဟာ သူ့အတွက် သင့်တယ်လို့ ပြောပါတယ်။ 

 

ဟေဘူးအခန်းရဲ့  အခန်းငှားခဟာ တစ်လကို ၁၂၅ ယူရိုကနေ ၃၂၅ ယူရိုအထိသာ ပေးရကြောင်း သိရပါတယ်။ ဒါပေမယ့် အခုလို အခန်းမျိုးဟာ လူသားတစ်ဦးအတွက် နေသင့်တဲ့အရွယ်အစားမဟုတ် သလို  အဆောက်အအုံဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ဘာစီလိုးနား မြို့တော်ခန်းမက ပြောပါတယ်။ 

 

mdn

 

စပိန်နိုင်ငံမှာ သုံးပုံတစ်ပုံသော အလုပ်သမားတွေဟာ တစ်လကို ၁၂၃၀ ယူရို ထက်နည်းတဲ့ လစာသာ ရရှိတဲ့အတွက် အိမ်ခန်းငှားဖို့မှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။ အိမ်ခန်းငှားခဟာ တစ်လကို အနည်းဆုံး ယူရို ၃၀ဝ ပေးရပေမယ့် လူအများနဲ့ မျှပြီးနေရတဲ့ အခန်းတွေဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်က အိမ်ခန်းငှားခ မပေးနိုင်တဲ့ လူပေါင်း ၃၇ ဝ၀ဝ လောက်ကို အိမ်ခန်းတွေကနေ တရားဥပဒေအရ နှင်ထုတ်ခဲ့ရပါတယ်။ ဒီပမာဏ ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ထက် ၉ ရာခိုင်နှုန်းတိုးလာကြောင်း တရားရုံးစာရင်းအရ သိရပါတယ်။ 

 

၂၀၁၅ ခုနှစ်ကစပြီး ဘာစီလိုးနားမှာ အိမ်ခြေမဲ့တွေတိုးလာကြောင်း ဒေသဆိုင်ရာ လူမှုရေးအသင်းတွေက ပြောပါတယ်။ 


 
MDN
ကိုးကား - AFP