ဘားအံ ၁၆  စက်တင်ဘာ 


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးမှူး၍ "၃၂ ကြာ အောင်မြင်မှု အိုဇုန်းလွှာက သက်သေပြု" ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးစောပြည်သာက ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကိုနှင့် ပြခန်းများအား ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

1