ဘားအံမြို့ပတ်ဝန်းကျင် ဂူဘုရားများ၌ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည့်လာရောက်လည်ပတ်သူများဖြင့် စည်ကား 

ဘားအံ ၁၇ ဧပြီ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့ပတ်ဝန်းကျင်ရှိ ထုံးကျောက်တောင် ဂူဘုရားများတွင် မြန်မာရိုးရာမဟာသင်္ကြန် ကာလ အစိုးရရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ရုံးပိတ်၍လာရောက် အပန်းဖြေ ကြသည့် ဝန်ထမ်းမိသားစုများ၊ သင်္ကြန်ကာလ ရေပက်ခံရေကစားထွက်ကြသူများ၊ စတုဒိသာဖြင့် ကျွေးမွေးဧည့်ခံကုသိုလ် ပြုကြသည့်ဒေသခံများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ိိိ


῝သင်္ကြန်တွင်းမှာသူငယ်ချင်းတွေနဲ့ ဒီဘက်ကို ဘုရားအစုံဖူးရအောင် ထွက်လာခဲ့တာပါ၊ ဒီကိုရောက်တော့လည်း မြင်ကွင်းတွေက အရမ်းလှတယ်၊ အဖိုးမဖြတ်နိုင်တဲ့ အုတ်ခွက်ဘုရားတွေ၊ ကျောက်ခတ်ပန်းဆွဲတွေ စေတီပုထိုးတွေ အများကြီးဘဲ အိမ်မှာဘဲရေကစား မယ်ဆိုရင်ဘာအတွေ့အကြုံမှမရှိဘူးလေ၊ အခုလိုသင်္ကြန်ကာလမှာ ခရီးထွက်ပြီးရေကစားရတဲ့အတွက် စိတ်အရမ်းလွတ်လပ်သွားမယ်လို့ထင်တယ်၊ အလုပ်လုပ် တဲ့အခါမှာလည်း စိတ်လက်ပေါ့ပါးပြီး ပိုပြီးတော့စွမ်းဆောင်နိုင်မယ်လို့ထင်ပါတယ် ῍ ဟု ကော့ဂွန်းဂူဘုရားတွင် ရောက်ရှိ နေသော ရန်ကုန်မြို့မှ ကိုမင်းရဲလွင်ကပြောသည်။

 


ဘားအံမြို့၏ ပတ်ဝန်းကျင်ဒေသများရှိ ဆန္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ လင်းနို့ဂူ၊ ကော့ကသောင်ဂူ၊ က္ကစ္ဆာသယဂူနှင့် ဘုရင့်ညီနောင်ဂူဘုရားတို့မှာ ရှေးကျသောလိုဏ်ဂူတော်များဖြစ်ခြင်း၊ ရှေ့ဟောင်းယဉ်ကျေးမှုအမွေ အနှစ်များအားမြင်တွေ့နိုင်ခြင်း၊ ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ကိန်းဝပ်စံပယ်လျက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍သွားလာရလွယ်ကူခြင်း၊ ပတ်ဝန်းကျင်ဒေသများရှိ တိုင်းရင်းသားတို့၏ ဖော်ရွေမှုနှင့်ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို မြင်တွေ့နိုင်ခြင်းတို့ကြောင့် ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာလျက် ရှိသကဲ့သို့ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလများတွင် အထူးပိုမိုစည်ကားလျက်ရှိသည်။

 


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

ိိိ