ဘားအံမြို့နယ် ကျေးရွာ ၁၉ ရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဘားအံ မတ် ၂၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဘားအံမြို့နယ်အတွင်းရှိ နိုင်းကြာ၊ ကော့သံခါ၊ ကော့ကွ၊ ကော့ဒွန်း၊ ဝဲကြီး၊ ကော့ကသောင်၊ ကြာအင်း၊ ထုံးအိုင်၊ ပိုင်ရမ်း၊ ကော့ထမ္မလိန်း၊ ဒုံသို့၊ ကော့ကျိုက်၊ နောင်ကုန်း၊ ကော့နိုင်ထုံး၊ သပြေကုန်း၊ မူးရာ၊ ပိန္နဲတော၊ မူးကဝကျေးရွာနှင့် ကျွန်းတပင်ကျေးရွာတို့၌ တစ်ရွာလျှင်  စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာ ၁၉ ရွာအတွက် ငွေကျပ်သိန်း ၁၉၀၀ နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကွန်ကရစ်လမ်းအရှည် စုစုပေါင်း ၁၆၆၀၀ ပေကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဘားအံမြို့နယ်‌‌ ကျေးလက်ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းပါဝင်မှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုတို့ဖြင့် စက်တင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အထွေး