အယ်လ်ဂျီးရီးယားနိုင်ငံ၌ အယ်လ်ဂီလ်း-ပေကျင်း လေကြောင်းခရီးစဉ်များပြန်လည်ပျံသန်းပြေးဆွဲမည် ဖေဖော်ဝါရီ ၂

 အယ်လ်ဂျီးရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လေကြောင်းခရီးစဉ်များကို သုံးနှစ်ကြာရပ်ဆိုင်းထားပြီးနောက် အယ်လ်ဂျီးရီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပုံမှန်လေကြောင်းလိုင်းများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစတင်တာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အယ်လ်ဂီလ်းနှင့်ပေကျင်းမြို့တော်တို့အကြား လေကြောင်းလိုင်းများကို အပတ်စဉ် ကြာသပတေးနှင့်တနင်္ဂနွေနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဟု သိရသည်။

အဆိုပါလေကြောင်းလိုင်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှစတင်ပြေးဆွဲမည်ဖြစ်ကြောင်း အယ်လ်ဂျီးရီးယားလေကြောင်းကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူ အန်ဒါလောစီက ပြောကြားသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းက အောက်တိုဘာ ၂၈ ရက်အထိ  လေကြောင်းခရီးစဉ်များအတွက် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ ဝယ်ယူသည့်လက်မှတ်များကို အထူးဈေးနှုန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို