အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ရန်ကုန် ၁၄ မတ်

 

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SME Development Bank) ၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အထွေထွေအစည်းဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပရာ SME Development Bank ၏ နာယက မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက အမှာစကားပြောကြားပြီး အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားသည်။           

 

ထို့နောက် ဘဏ္ဍာရေးရှင်းတမ်းများနှင့် စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း၊ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာတို့ကို အတည်ပြုချက်ရယူခြင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ဝင် အသစ်များ ရွေးချယ်ခြင်း၊ ပြင်ပစာရင်းစစ်အဖွဲ့ကို တာဝန်ပေးခန့်အပ်ခြင်း၊ လက်ရှိသင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများကို ဥပဒေနှင့်အညီ ပြင်ဆင်ရေးဆွဲရန် ဒါရိုက်တာအဖွဲ့သို့ လွှဲအပ်တာဝန်ပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် SME Development Bank မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း၊ ကိုကြီးနှင့် ညီအကိုများ ပရဟိတအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ကို အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ရတီ