အသွားအလာ ကန့်သတ်မှုတွေ ပြန်လည် ပြဋ္ဌာန်းလာတဲ့ အာရှနိုင်ငံ အချို့ရဲ့ မြို့များ

၁၇ ဇူလိုင်

 

 

အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ စုစုပေါင်း ၃,၁၉၄,၄၇၀ ရှိနေပြီး သေဆုံးသူက ၇၅,၂၀၃ ဦး ရှိနေကြောင်း ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့ အာရှနိုင်ငံအချို့ရဲ့ မြို့တွေကို အသွားအလာ ကန့်သတ်ထားကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံ

 

 

- နိုင်ငံရဲ့ မြောက်ပိုင်းရှိ လူဦးရေ ၁၂၅ သန်းနေထိုင်တဲ့ ဘီဟားပြည်နယ်မှာ ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ ၁၅ ရက်တိတိ အသွားအလာ ကန့်သတ်လိုက်ပါတယ်။ အိုင်တီနည်းပညာမြို့ ဖြစ်တဲ့ လူဦးရေ ၁၃ သန်းနေထိုင်သော ဘန်ကောမှာလည်း ဇူလိုင် ၁၄ ရက်နေ့ကစပြီး သီတင်းတစ်ပတ် အသွားအလာ ကန့်သတ် လိုက်ပါတယ်။ နိုင်ငံအနောက်ပိုင်းရှိ ပူနီ နဲ့ ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဆုံးခံရတဲ့ တမီးနာဒူးနဲ့ အာသံဒေသတွေ အပါအဝင် လူဦးရေ သန်း ၂၀၀ နေထိုင်တဲ့ ဉတ္တရာပရာဒတ်ချ်ပြည်နယ်မှာလည်း ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းတွေ စတင် ပြဋ္ဌာန်းလာပြီ ဖြစ်ပါတယ်။

 

 

 

ဖိလစ်ပိုင်နိုင်ငံ

 

 

- မနီလာပြည်နယ်ရှိ နာဗိုတာစ် ဌာ‌နေတိုင်းရင်းသား ၂၅၀,၀၀၀ နေထိုင်တဲ့ ဒေသကို အသွားအလာ ကန့်သတ်မှု အောက်မှာ ဇူလိုင် ၁၃ ရက်နေ့ စပြီး သီတင်း နှစ်ပတ် ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

 

 

အဇာဘိုင်ဂျန်နိုင်ငံ

 

 

- တစ်နိုင်ငံလုံးကို အသွားအလာ ကန့်သတ်မှုအောက်ကို ဇွန် ၂၂ ရက်နေ့မှာ ဩဂုတ် ၁ ရက်နေ့အထိ ပြဋ္ဌာန်းလိုက်ပါတယ်။

 

 

 

ဉစဘတ်ကစ္စတန်နိုင်ငံ

 

 

- တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်မှုကို ဇူလိုင် ၁၀ ရက်နေ့က စတင်ပြဋ္ဌာန်းလိုက်ပြီး စားသောက်ဆိုင်တွေ၊ အားကစားခန်းမတွေ၊ ရေးကူးကန်းတွေနဲ့ အစားအစာရောင်းတဲ့ ဆိုင်မဟုတ်တာတွေ ဩဂုတ် ၁ ရက်နေ့ထိ ပိတ်ထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP