အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပြုကျင့်မှု ကလေးမွေးဖွားစဉ် အဖြစ်မှန်ပေါ်ပေါက်

ကျောင်းကုန်း ၂၄ မတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ထီမန်ကျေးရွာတွင် အရွယ်မရောက်သေးသူအား လွန်ခဲ့သော ၉ လခန့်က သားမယားအဖြစ် ပြုကျင့်မှု မတ် ၂၃ ရက်၌ ကလေးမွေးဖွားစဉ် အဖြစ်မှန်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထီမန်ကျေးရွာနေ မ------ (၁၅)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် ဗိုက်အောင့်သည်ဟု ပြောသဖြင့် ဆေးခန်းသွားရန် ပြင်ဆင်နေစဉ် ကလေးမွေးဖွားခဲ့၍ ဖခင်အရင်းမှ မည်သူနှင့်ရရှိသော ကိုယ်ဝန်ဖြစ်သည်ကို မေးမြန်းရာ ၂၀၁၈ ခုနှစ် ဇွန်လပိုင်းလောက်က အဘအရင်း၏နေအိမ်တွင် ညအချိန်စာကျက်ပြီး အိပ်ပျော်နေစဉ် အဒေါ်၏ယောကျာ်းမှ သားမယားအဖြစ် နှစ်ညဆက်တိုက် ပြုကျင့်ခဲ့ကြောင်း၊ ပြန်ပြောပါက တစ်မိသားစုလုံး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသဖြင့် ကျောင်းကုန်းမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပြုကျင့်သူ မျိုးကျော်ကျော် (၃၇)နှစ်ကို ကျောင်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)