အရှေ့တောင်အာရှမှာ ဟွန်ဒိုင်းကုမ္ပဏီရဲ့ ပထမဦးဆုံးကားထုတ်စက်ရုံ တည်ဆောက်ရန် အင်ဒိုနီးရှားကိုရွေးချယ်

၂၈ နိုဝင်ဘာ

တောင်ကိုရီးယား ဟွန်ဒိုင်းကားကုမ္ပဏီက အင်ဒိုနီးရှားမှာ စက်ရုံဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကြောင်း အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဂျပန်ကားဈေးကွက် လွှမ်းမိုးထားတဲ့ အရှေ့တောင်အာရှမှာ တောင်ကိုရီးယားရဲ့ ပထမဦးဆုံးကားထုတ်စက်ရုံဖြစ်ပါတယ်။

အင်ဒိုနီးယားနိုင်ငံဟာ ဒေသတွင်းမှာ အကြီးဆုံးကားဈေးကွက်ဖြစ်တယ်။ ကမ္ဘာ့ကားဈေးကွက်ရဲ့ လိုအပ်မှု ကျဆင်းလာတာကို တိုက်ဖျက်ရန်နဲ့ အနာဂတ်တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံ မြှုပ်နှံတာဖြစ်ကြောင်း ဟွန်ဒိုင်းရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုဟာ လက်မှတ်ရေးထိုးချိန်ကစပြီး ၂၀၃၀ ခုနှစ်အထိအဖြစ်ကြောင်း သိရပါတယ်။

ဆိုးလ်စတော့ ဈေးကွက်မှာ ဟွန်ဒိုင်းရှယ်ယားဈေးက ၁.၂၂ရာခိုင်နှုန်း ဗုဒ္ဓဟူးနေလည်ပိုင်းက တက်သွားကို တွေ့ရပါတယ်။

ကားထုတ်မယ့်စက်ရုံကို ဂျာကာတာမြို့ရဲ့ အရှေ့ဘက် ဘက်ကာဆီ မှာ တည်ဆောက်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ကားစတင်လုပ်လုပ်ဖို့ ရည်ရွယ်ပြီး တစ်နှစ်လျှင် ကားအစီးရေ ၂၅၀ဝ၀ဝ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း က အရှေ့တောင်အာရှနိုင်ငံတွေနဲ့ စီးပွားရေးပိုမိုလုပ်ဆောင်နေပြီး တရုတ်နဲ့ အမေရိကန် နိုင်ငံတွေအပေါ် မှီခိုနေမှုကို လျှော့ချရန် တောင်ဘက်ပိုင်းဆိုင်ရာ ပေါ်လစီအသစ်ကို တွန်းအားပေးနေပါတယ်။

အခုချိန်မှာတော့ ဟွန်ဒိုင်းကားဟာ ပြိုင်ဘက်ဂျပန်ကားကုမ္ပဏီတွေရဲ့ ရောင်းအားနောက်မှာ ရှိနေတာကိုတွေ့ရပါတယ်။ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ဟွန်ဒိုင်းကား အစီးရေ ၁၂၂,၈၈၃ အရှေ့တောင် အာရှနိုင်ငံတွေမှာ ရောင်းချနိုင်ချိန်မှာ ဂျပန်ကား တိုရိုတာမှ အစီးရေ ၈၅၄,ဝ၃၂ နဲ့ ရေးနော့-နီဆန်-မစ်ဆူဘီရှီထုတ် ကား ၃၅၁,၂၆၇ စီး ရောင်းချနေရကြောင်း LMC အစီရင်ခံစာအရ သိရပါတယ်။

တောင်ကိုရီးယား ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို နှစ်နှစ်အတွင်း အနိမ့်ဆုံးကို ပြီးခဲ့တဲ့လက ချပေးလိုက်ပြီး ဂျပန်နဲ့ကုန်သွယ်ရေးအဖုအထစ်ကြောင့် နိုင်ငံရဲ့စီးပွားရေးတိုးတက်မှု နှေးကွေးသွားတာကို ပြန်လည် တိုးတက်လာအောင် ကြိုးစားနေတာဖြစ်ပါတယ်။

MDN

ကိုးကား - AFP