အရောင်းအဝယ် အေးနေခဲ့သည့် ဆန်၊ စပါးဈေးကွက် အပြောင်းအလဲအချို့ ရှိလာ

၂၂ မတ်

 

ပြီးခဲ့တဲ့အပတ်က အရောင်းအဝယ်အေး ဈေးအေးနေတဲ့ ဆန်က ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြောင်လဲမှု ရှိပါတယ်။ ဆန်ကြမ်းဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အေးနေခဲ့ပါတယ်။

 

ဧည့်မထ ၂၅ % ဆန်က တစ်အိတ်ကို ၁၀ဝ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၁၉၀ဝ၀ ကနေ ၁၉၂၀ဝ ပေါက်ဈေးရှိပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၅၀ဝ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၂၀ဝ၀ဝ ကနေ ၂၀၅၀ဝ ပေါက်ဈေးရှိပါတယ်။

 

ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစားစပါးတွေက ငြိမ်နေပြီး ဒုတိယတန်းစားစပါးအချို့ကတော့ ဈေးတက် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပထမတန်းစားစပါးတွေကို ဈေးချဝယ်ယူမှုတွေကြောင့် ဈေးကကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စပါးဝင်နည်းသွားတဲ့အတွက် ဈေးကငြိမ်နေခဲ့ပါတယ်။

 

နွေစပါးတွေက မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် စပါးတွေက ဧပြီလဆန်းပိုင်းမှာ လှုပ်ခတ်မှုတွေ ရှိလာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။

 

ပုသိမ်ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀ဝ ကို ၈၉၀ဝ၀ဝ ပေါက်ဈေးရှိပြီး ဆန်က တစ်တင်းခွဲကို ၃၈၀ဝ၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ပုသိမ်မှာ ဧည့်မထက တင်း ၁၀ဝ ကို ၅၃၀ဝ၀ဝ ဆန်ကတော့ တစ်အိတ်ကို ၂၀ဝ၀ဝ ကျပ် နဲ့ ၂၀ဝ၀ ဈေးကျဆင်းသွားခဲ့ပါတယ်။

 

မြောင်းမြကုန်စည်ဒိုင်မှာတေညါ  ပေါ်ဆန်းစပါးက တင်း ၁၀ဝ ကို ၈၇၆၀ဝ၀ ရှိပြီး ဆန်ကလည်း ၄၂၀ဝ၀ ရှိကာ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထကတော့ ၅၇၀ဝ၀ဝ ရှိပြီး ဆန်ကတော့ ၂၄၀ဝ၀ နဲ့ ၂၀ဝ၀ ကျပ်ဈေးတက် လာပါတယ်။

 


ဝတ်ရည်မွန် (AMIA)