အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၄) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မတ် ၃၁

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၂၄)၏ သင်တန်းဆင်းပွဲကို မတ် ၃၁ ရက် နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၆၂၊ ဦးဖြိုးမင်းသိန်း၊ ကွန်ပျူတာစီစဉ်ရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သင်တန်းသူစံပြဆုကို သင်တန်းသူ အမှတ်-၁၈၃၊ ဒေါ်လွင်မာ၊ ဒုတိယဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ကို ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ သင်တန်းသား သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ် ထူးချွန်ဆု၊ စစ်ရေးပြ ထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။  အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၄)သို့ သင်တန်းသား ၁၇၇ ဦး၊ သင်တန်းသူ (၂၁၃)ဦး၊ စုစုပေါင်း(၃၉၀) တို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ  ၂၄ ရက်အထိ Distance Learning ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် မတ် ၆ ရက်မှ မတ် ၃၁ ရက်အထိ In-House Learning ဖြင့် လည်းကောင်း တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်