အညာဒေသ၌ နဂါးမောက်သီးများ လှိုင်လှိုင်ပေါ် ရောင်းချသူများ ဝင်ငွေရရှိ

ရေနံချောင်း   ဇူလိုင်   ၁၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌ နဂါးမောက်မောက်သီးများ လက်လီလက်ကား ရောင်းချကြသည့်အပြင် ခေါင်းရွက်ဗျတ်ထိုးဖြင့် ရောင်းချလျက်ရှိရာ အရောင်းအဝယ်လိုက်နေကြောင်း သစ်သီးဝလံစျေးကွက်အတွင်းမှ နဂါးမောက်သီးရောင်းဝယ်သူများထံက သိရသည်။

နဂါးမောက်သည်စျေးကွက်၌ ပြီးခဲ့သည် ဇွန်လဆန်းကစပြီး သစ်သီးစျေးကွက်သို့ ဝင်ရောက်နေရာ ယခုတစ်ပတ်၌ ပိုမိုဝင်ရောက်ပြီး လှိုင်လှိုင်ရောင်းချကြသည့်အပြင် ရပ်ကွက်များသို့ ခေါင်းရွက်ဖြင့် ရောင်းချကြကြောင်း နဂါးမောက်သီးကနေ ဝင်ငွေရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နဂါးမောက်သီးစျေးနှုန်းမှာ ငွေကျပ် ၅၀၀၊ ၇၀၀ ရောင်းရကြောင်း၊ နဂါးမောက်ပင်သည် ပုံမှန်ဝင်ငွေ ရရှိသောကြောင့် အညာဒေသ၌ ခြံဝင်းများနှင့် စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ဆန်းညွန့်