အွန်လိုင်း သင်ခန်းစာ သင်ယူမယ့် ကျောင်းသားများအား အမေရိကန်ဗီဇာ မပေးတော့ကြောင်း ထုတ်ပြန်

၇ ဇူလိုင်

 

 

အမေရိကန်နိုင်ငံမှာ ဆောင်းဦးတွင် စတင်မယ့် ပညာသင်နှစ်ကို  အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးရန် စီစဉ်နေတဲ့ ကျောင်းတွေမှာ ပညာသင်ယူမယ့် ကျောင်းသားတွေအား ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ကြောင်း တနင်္လာနေ့က ကြေညာပါတယ်။ 

 

 

အမေရိကန်နိုင်ငံကို ရောက်ရှိပြီသား ဗီဇာအမျိုးအစား F-1 and M-1 ကိုင်ဆောင်ထားတဲ့ ကျောင်းသားတွေဟာ နိုင်ငံတွင်း ဆက်လက် နေထိုင်ချင်တယ်ဆိုရင် အွန်လိုင်း သင်ခန်းစာ မဟုတ်တဲ့ ကျောင်းတွေကို ပြောင်းရွှေ့ ပညာသင်ကြားဖို့ လိုအပ်ကြောင်း သိရပါတယ်။

 

 

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက အခု ပြဌာန်းလိုက်တဲ့ စည်းမျဉ်း မလိုက်နာသော ကျောင်းသူ ကျောင်းသားတွေကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လွှတ်ခြင်း ခံရမယ် ပြောပါတယ်။

 

 

တက္ကသိုလ်နဲ့ ကောလိပ် တော်တော်များများဟာ ဆောင်းဦးမှာ ဖွင့်တဲ့ ပညာသင်နှစ်ကို  ပြန်လည် စတင်ဖို့ ပြင်ဆင်နေပေမယ့် သူတို့ရဲ့ အစီအစဉ်တွေကို တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရပါတယ်။

 

 

တချို့ကျောင်းတွေက လူကိုယ်တိုင် စာသင်ခန်းထဲမှာ စာသင်ခြင်းနဲ့ အွန်လိုင်း မှတစ်ဆင့် စာသင်ခြင်းဆိုပြီး သင်ကြားမှုပုံစံ ရောထားမယ့် သင်ခန်းစာတွေ လုပ်ဆောင်ရန် ပြင်ဆင်နေကြပါတယ်။ ဟားဗတ်တက္ကသိုလ် အပါအဝင် တက္ကသိုလ် အချို့ကတော့ အွန်လိုင်းကနေသာ သင်ကြားဖို့ လုပ်ဆောင်နေပါတယ်။

 

 

MDN

ကိုးကား - AFP

2429